Sunday, April 30, 2017

သွေးကင်ဆာ ၎

လူကီးမီးယားခေါ် သွေးကင်ဆာ (Leukaemia)။

သွေးမှာ သွေးဥနီ၊ သွေးဥဖြူ၊ သွေးဥမွှား ရယ်လို့ရှိပြီး သူတို့အားလုံး (progenitor) ခေါ်တဲ့ မိခင်ဆဲလ် ကနေဖြစ်လာကြတာပါ။ တစ်နည်းအားဖြင့် တစ်မအေထဲက ပေါက်ဖွါး လာတဲ့ မောင်နှမတွေ လိုပါပဲ။ progenitor ဆဲလ်တွေက ရိုးတွင်းခြင်ဆီ၊ အသဲနဲ့ သရက်ရွက် တွေမှာ ရှိပါတယ်။ အကျိတ်တွေ မှာလည်း အနည်းအကျဉ်းရှိပါတယ်။ သာမန်လူတွေမှာတော့ ရိုးတွင်းခြင်ဆီမှာ ရှိတဲ့ progenitor ဆဲတွေက သွေးဥနီ၊ သွေးဥဖြူ၊ သွေးဥမွှားတွေကို ထုတ်လုပ် ပေးပါတယ်။

သွေးဥဖြူဖြစ်မဲ့ဆဲလ်တွေက သွေးဥဖြူ အကောင်းတွေ မဖြစ်ပဲ ကင်ဆာ ဆဲလ်တွေ ဖြစ်သွား တာကို သွေးကင်ဆာလို့ ခေါ်ပါတယ်။ သွေးဥနီနဲ့ သွေးဥမွှားဖြစ်မဲ့ဆဲလ်တွေကလည်း ကင်ဆာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဖြစ်နည်းပါတယ်။ သူတို့ကိုတော့သွေးကင်ဆာလို့ မခေါ် ပါဘူး။

သွေးကင်ဆာရဲ့ရောဂါဖြစ်ပွါးမှုအချိန်ကာလပေါ်မူတည်ပြီး ချက်ချင်းနီးပါးသေစေနိုင်တဲ့

(acute leukemia) နဲ့ နာတာရှည် (chronic leukemia) လို့နှစ်မျိုးခွဲထားပါတယ်။

(acute leukemia) မှာ ကင်ဆာဆဲလ်တွေလျှင်မြန်စွာ ရိုးတွင်းခြင်ဆီမှာဖြစ်ပေါ်လာပြီး သွေးထဲ ကိုပါ လျှံကျလာပါတယ်။ ကင်ဆာဆဲလ်တွေရိုးတွင်းခြင်ဆီမှာအလွန်များတာကြောင့် သွေးဥ အကောင်းတွေ မထုတ်နိုင်တော့ပါဘူး။ ဒီကင်ဆာမျိုးက ခလေးတွေမှာ အဖြစ်များ ပါတယ်။

နာတာရှည် (chronic leukemia) မှာတော့ ကင်ဆာဆဲလ်တွေ တစ်ဖြေးဖြေးချင်း လနှင့် နှစ်နှင့် ချီပြီး များလာပါတယ်။ ဒီကင်ဆာမျိုးက လူကြီးတွေမှာအဖြစ်များပါတယ်။

ဒီကင်ဆာနှစ်မျိုးကိုမှ ကင်ဆာဆဲလ် အမျိုးအစားပေါ်မူတည်ပြီး (lymphocytic) နဲ့ (myeloid) လို့ ထပ်ခွဲပါတယ်။ (lymphocytic) ကင်ဆာမှာ ရောဂါကိုတိုက်ခိုက်တဲ့ သွေးဥဖြူ တွေကနေ ကင်ဆာဖြစ်တာမို့ လူနာဟာရောဂါကာကွယ်နိုင်တဲ့စွမ်းအားမရှိတော့ပဲ ရောဂါပိုး တွေကြောင့်သေဆုံးရပါတယ်။ဒီဆဲလ်တွေက ကိုယ်ခန္ဓာရဲ့ အကျိတ် (လည်ပင်း၊ ချိုင်း၊ ပေါင်ချန်၊ သရက်ရွက် စသည်) ထဲမှာ များတာမို့ ဒီကင်တာမျိုးမှာ သရက်ရွက်နဲ့ အကျိတ်တွေ ကြီးလာ ပါတယ်။

(myeloid) ကင်ဆာမျိုးမှာ ကိုယ်ထဲမှာ လှည့်ပတ်နေတဲ့ သွေးထဲက သွေးဥဖြူတွေ ကနေ ကင်ဆာ ဖြစ်ပါတယ်။ ဒီကင်ဆာဆဲလ်တွေက သွေးဖြစ်ရာ ရိုးတွင်းခြင်ဆီမှာဖြစ် တာမို့ သွေးဥနီတွေဖြစ်တာနဲ့ နေရာ တူပြီး ကင်ဆာဆဲလ်တွေက သွေးဥနီတွေရဲ့ နေရာကို ယူလိုက်တဲ့ အတွက် သွေးဥနီဖြစ်မှုနည်းသွားပါတယ်။ ဒါကြောင့် ဒီသွေးကင်ဆာမျိုးမှာ သွေးအားနည်းခြင်း ကိုဖြစ်စေပါတယ်။  

ရိုးတွင်းခြင်ဆီမှာသွေးနီဥတွေ အပြင် သွေးတိတ်အောင်လုပ်တဲ့ သွေးဥမွှားတွေလဲ ထုတ်လုပ် တာမို့ သွေးဥမွှားထုတ်လုပ်မှုကိုလည်းထိခိုက်စေတဲ့အတွက် သွေးမတိတ်ခြင်းကိုပါ ဖြစ်စေ ပါတယ်။

ကိုယ်ထဲမှာ လှည့်ပတ်နေတဲ့ သွေးထဲက သွေးဥဖြူတွေ ကကိုယ်ထဲကိုဝင်လာတဲ့ ပိုးတွေ အထူး သဖြင့် ပြည်တည်စေသည့်ပိုး များကိုသုတ်သင်ရှင်းလင်းတာမို့ ဒီကင်ဆာမှာ  ပိုးရောဂါများ အဖြစ်များပြီး ကူးဆက်တတ်သည့် ပိုးရောဂါများဖြစ်တဲ့ နမိုးနီယာရောဂါ၊သွေးပြည်တည်ရောဂါ၊ ဥဏှောက်ပြည်တည် ရောဂါ စသည်များကြောင့် အသက်သေဆုံး ကြပါတယ်။

          (lymphocytic) နဲ့ (myeloid) ကင်ဆာများကို (acute leukemia) နဲ့ နာတာရှည် (chronic leukemia) အပြင် (Pathological) နည်းဖြင့် အဓိကပါဝင်တဲ့ ကင်ဆာဆဲလ် ပေါ် မူတည်ပြီး အမျိုးများစွာ ထပ်ခွဲထားပါတယ်။

          အခြားသောကင်ဆာများကဲ့သို့ သွေးကင်ဆာ ဘာကြောင့်ဖြစ်တယ်ဆိုတာတိတိကျကျ မသိပဲ အကြောင်းပေါင်းများစွာကြောင့် သွေးကင်ဆာဖြစ်တာကို တွေ့ရပါတယ်။ သွေးကင်ဆာ အမျိုးများစွာ ထဲက (acute myloeid leukemia) က Down syndrome ခေါ်တဲ့ ဗီဇမျိုးရိုး မမှန် တဲ့ရောဂါသည် ခလေးတွေမှာ အဖြစ်များတာတွေ့ရပါတယ်။ ဒီခလေးတွေက ဖခင် အထူးသဖြင့် မိခင်အသက်ကြီးမှ ရသောခလေးများမှာ ဖြစ်တတ်ပါတယ်။ ဒီခလေးတွေက ပြုံးရွှင်တဲ့ မျက်နှာရှိပြီး အသက်ကြီးလာပေမဲ့ ဉာဏ်ရည် လိုက်မကြီးပဲ ခလေးစိတ်ပဲ ရှိနေတတ် ပါတယ်။ ခလေးအားလုံးရဲ့မျက်နှာကလည်း မောင်နှမတွေလို ဆင်တူကြပြီး မျက်နှာ  ၀ိုင်းဝိုင်း၊ နှာခေါင်း ပြားပြားနဲ့ မျက်စေ့ မှေးမှေးတွေဖြစ်ပါတယ်။ မွန်ဂိုလူမျိုးတွေနဲ့ တူလို့ (mongoloid) ရောဂါ လို့လဲ ခေါ်ပါတယ်။ တောင်ကြီးမြို့က သူနာပြုဆရာမအုပ် တစ်ယောက်ရဲ့မောင် အသက် ၄၀ နှစ်ဟာ ဒီရောဂါသည် ဖြစ်ပြီး သူ့မိခင်သေဆုံးတဲ့နေ့မှာ မိတ်ဆွေများအိမ်မှာ များစွာရှိနေ တာကို ခလေးတစ်ယောက်လို ၀မ်းသာပျော်ရွှင်နေတာတွေ့ခဲ့ရပါတယ်။

ဒီကင်ဆာမျိုး (acute myloeid leukemia) ဖြစ်စေတဲ့ နောက် မျိုးရိုးဗီဇ မူမမှန်တဲ့ ရောဂါ ကတော့ Ashkenazi ဂျူးများနဲ့ South Africa က Afrikaners တွေမှာတွေ့ရတဲ့ Fanconi ခေါ်တဲ့ မျိုးရိုးလိုက် သွေးအားနည်းရောဂါရှင် တွေပါပဲ။ ဒီရောဂါသည်တွေဟာ အရပ်ပုပြီး မွေးရာပါ အရေပြား၊ ခေါင်း၊ မျက်လုံး၊ နားရွက်၊ ကျောက်ကပ် ပုံမမှန်ကြပဲ (congenital abnormalities) များသောအားဖြင့် အသက် ၃၀ လောက်မှာ သေဆုံးကြ ပါတယ်။

ကျန်သွေးကင်ဆာတွေကတော့ ဓါတ်ရောင်ခြည်များ၊ ကင်ဆာဖြစ်စေသော ဓါတု ပစ္စည်းများ၊ ကင်ဆာဖြစ်စေသည့် ဗိုက်ရပ်ပိုးများကြောင့်ဖြစ်တာ တွေ့ရှိရပါတယ်။

အစားအသောက်အနေနဲ့ ထူးထူးခြားခြား သွေးကင်ဆာဖြစ်မှုနဲ့ ပတ်သက်တာ မတွေ့ ရပဲ ဟင်းသီး ဟင်းရွက်စား သူများမှာ သွေးကင်ဆာဖြစ်ပွါးမှုနည်းတာ တွေ့ရပါတယ်။ ဆံပင် ဆိုးဆေးများ၊ ရေနံထွက် ပစ္စည်းများကြောင့် သွေးကင်ဆာ ပိုဖြစ်တာကိုလည်း တွေ့ရပါတယ်။ အချို့သူများမှာ အမေမှသားသမီးသို့ ကူးခြင်း၊ အမွှာများတွင် ဖြစ်ပွါးသည်ကို တွေ့ရပါတယ်။

          ကုသခြင်းအနေနဲ့ ကင်ဆာဆေးများ၊ ရိုးတွင်းခြင်ဆီအစားထိုးခြင်းနဲ့ ဓါတ်ကင်ခြင်းတို့ ဖြစ်ပါတယ်။ သွေးကင်ဆာက အသံတိတ်ရောဂါ ( silent disease) ဖြစ်ပါတယ်။ ရောဂါဖြစ်စမှာ နာခြင်း၊ အနာဖြစ်ခြင်း စသည့် ရောဂါ လက္ခဏများ မရှိပါဘူး။ အခြေအနေဆိုးမှ ဥပမာ သွေးဥနီတွေအထွက်နည်းသွားပြီး သွေးအားနည်းလက္ခဏာတွေ၊ သွေးဥမွှားတွေနည်းသွားလို့ သွေးခြေဥခြင်း၊ ကိုယ်တွင် အနီရောင် အစက် အပြောက်များပေါ်ခြင်း၊ သွေးမတိတ်ခြင်း၊ စသည့်များ၊ သွေးဥဖြူများနည်းလို့ မကြာခဏဖျားခြင်းများ ကြောင့် သွေးစစ်ကြည့်မှ သွေး ကင်ဆာဖြစ်နေမှန်း သိရတာများပါတယ်။ ဒါကြောင့် မကြာခဏဖျားနာရင်၊ အကြောင်း မရှိပဲ အားနည်းခြင်း၊ မောခြင်း၊ ကိုယ်တွင်အနီစက်များဖြစ်ပေါ်လာပါက ဆရာဝန်ပြပြီ သွေးစစ်

သင့်ပါတယ်။

ကျမကိုယ်တိုင်တွေ့ခဲ့ရတဲ့ သွေးကင်တာရှင် သုံးဦးအကြောင်းကိုဖေါ်ပြချင်ပါတယ်။ သူတို့သုံးဦးဟာ သွေးကင်ဆာဖြစ်တာခြင်းတူပေမဲ့ တင်ပြပုံ (Presentation) မတူပါဘူး။ တစ်ဦးက ကျမသူငယ်ချင်း ဆရာ  ၀န်မရဲ့ ဦးလေးအရင်းပါ။ သူ့သမီးလက်ထပ်မဲ့နေ့မှာ အိမ်ကို ပြင်ဆင်ရင်း လက်ကို တူထုမိပြီး သွေးမတိပ် နိုင်လို့ သွေးစစ် လိုက်တော့မှ သွေးကင်ဆာ ဖြစ်မှန်း သိပါတော့တယ်။ ဒါပေမဲ့သိပ် နောက်ကျသွားပါပြီ။ နောက် လအနည်းငယ်မှာပဲ သေဆုံးသွား ပါတယ်။ ဒီလူနာမှာ သွေးကင်ဆာတဲလ်တွေက သွေးဥမွှားဖြစ်မဲ့ သွေးဆဲလ်တွေကို ပိုမိုထိခိုက် စေတာမို့ သွေးမတိတ်တဲ့ လက္ခဏ ကိုအရင်ပြတာပါ။

နောက်တစ်ယောက်ကတော့ ကျမသူငယ်ချင်း ခွဲစိတ်ဆရာဝန် တစ်ဦးပါ။ နေမကောင်းတာ တစ်ပတ်ကျော် ကြာနေလို့ သွေးစစ်ဖို့ ရောက်လာပါတယ်။ ဆရာလည်းနောက် ၆လ မှာ သူချစ်တဲ့မိသားစုကိုခွဲ သွားရပါ တော့တယ်။

     နောက်တစ်ဦးကတော့  ဗိုလ်ထဲမှာ အလုံး စမ်းမိလို့ ရောက်လာတဲ့ လူနာပါ။ ကင်ဆာတဲလ်တွေ သရက်ရွက်ထဲမှာ တဖြေးဖြေးများလာလို့ သရက်ရွက်ကြီးလာတာကြောင့် ကိုယ့်ဘာသာ စမ်းမိ တာပါ။

    ယခုခေတ်မှာ အစွမ်းထက်တဲ့ သွေးကင်ဆာကုဆေးတွေ ပေါ်ပေါက်လာလို့ အချို့သော သွေးကင်ဆာ များကို ရောဂါမကျွမ်းခင် စောစောကသိပြီးဆေးကုသခံရမယ်ဆိုရင် သက်တမ်း စေ့နီးပါး အသက်ရှင်နိုင် ပါတယ်။ ဒါကြောင့် ကျန်းမာရေးစစ်ဆေးမှုများ (ဆီး၊၀မ်း၊သွေး အပါ အ၀င်) ကို အနည်းဆုံး တစ်နှစ် တစ်ကြိမ်ခန့် စစ်ဆေးသင့်ပါကြောင်း သတိပေး နှိုးစော်လိုက် ပါတယ်။

ကျမ်းကိုး။

http://en.wikipedia.org/wiki/Leukemia

သွေးကင်ဆာ ၃

လူကီးမီးယားခေါ် သွေးကင်ဆာ (Leukaemia)။ ================

သွေးမှာ သွေးဥနီ၊ သွေးဥဖြူ၊ သွေးဥမွှား ရယ်လို့ရှိပြီး သူတို့အားလုံး (progenitor) ခေါ်တဲ့ မိခင်ဆဲလ် ကနေဖြစ်လာကြတာပါ။ တစ်နည်းအားဖြင့် တစ်မအေထဲက ပေါက်ဖွါး လာတဲ့ မောင်နှမတွေ လိုပါပဲ။ progenitor ဆဲလ်တွေက ရိုးတွင်းခြင်ဆီ၊ အသဲနဲ့ သရက်ရွက် တွေမှာ ရှိပါတယ်။ အကျိတ်တွေ မှာလည်း အနည်းအကျဉ်းရှိပါတယ်။ သာမန်လူတွေမှာတော့ ရိုးတွင်းခြင်ဆီမှာ ရှိတဲ့ progenitor ဆဲတွေက သွေးဥနီ၊ သွေးဥဖြူ၊ သွေးဥမွှားတွေကို ထုတ်လုပ် ပေးပါတယ်။

သွေးဥဖြူဖြစ်မဲ့ဆဲလ်တွေက သွေးဥဖြူ အကောင်းတွေ မဖြစ်ပဲ ကင်ဆာ ဆဲလ်တွေ ဖြစ်သွား တာကို သွေးကင်ဆာလို့ ခေါ်ပါတယ်။ သွေးဥနီနဲ့ သွေးဥမွှားဖြစ်မဲ့ဆဲလ်တွေကလည်း ကင်ဆာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဖြစ်နည်းပါတယ်။ သူတို့ကိုတော့သွေးကင်ဆာလို့ မခေါ် ပါဘူး။

သွေးကင်ဆာရဲ့ရောဂါဖြစ်ပွါးမှုအချိန်ကာလပေါ်မူတည်ပြီး ချက်ချင်းနီးပါးသေစေနိုင်တဲ့
(acute leukemia) နဲ့ နာတာရှည် (chronic leukemia) လို့နှစ်မျိုးခွဲထားပါတယ်။

(acute leukemia) မှာ ကင်ဆာဆဲလ်တွေလျှင်မြန်စွာ ရိုးတွင်းခြင်ဆီမှာဖြစ်ပေါ်လာပြီး သွေးထဲ ကိုပါ လျှံကျလာပါတယ်။ ကင်ဆာဆဲလ်တွေရိုးတွင်းခြင်ဆီမှာအလွန်များတာကြောင့် သွေးဥ အကောင်းတွေ မထုတ်နိုင်တော့ပါဘူး။ ဒီကင်ဆာမျိုးက ခလေးတွေမှာ အဖြစ်များ ပါတယ်။

နာတာရှည် (chronic leukemia) မှာတော့ ကင်ဆာဆဲလ်တွေ တစ်ဖြေးဖြေးချင်း လနှင့် နှစ်နှင့် ချီပြီး များလာပါတယ်။ ဒီကင်ဆာမျိုးက လူကြီးတွေမှာအဖြစ်များပါတယ်။

ဒီကင်ဆာနှစ်မျိုးကိုမှ ကင်ဆာဆဲလ် အမျိုးအစားပေါ်မူတည်ပြီး (lymphocytic) နဲ့ (myeloid) လို့ ထပ်ခွဲပါတယ်။ (lymphocytic) ကင်ဆာမှာ ရောဂါကိုတိုက်ခိုက်တဲ့ သွေးဥဖြူ တွေကနေ ကင်ဆာဖြစ်တာမို့ လူနာဟာရောဂါကာကွယ်နိုင်တဲ့စွမ်းအားမရှိတော့ပဲ ရောဂါပိုး တွေကြောင့်သေဆုံးရပါတယ်။ဒီဆဲလ်တွေက ကိုယ်ခန္ဓာရဲ့ အကျိတ် (လည်ပင်း၊ ချိုင်း၊ ပေါင်ချန်၊ သရက်ရွက် စသည်) ထဲမှာ များတာမို့ ဒီကင်တာမျိုးမှာ သရက်ရွက်နဲ့ အကျိတ်တွေ ကြီးလာ ပါတယ်။

(myeloid) ကင်ဆာမျိုးမှာ ကိုယ်ထဲမှာ လှည့်ပတ်နေတဲ့ သွေးထဲက သွေးဥဖြူတွေ ကနေ ကင်ဆာ ဖြစ်ပါတယ်။ ဒီကင်ဆာဆဲလ်တွေကသွေးဖြစ်ရာ ရိုးတွင်းခြင်ဆီမှာဖြစ် တာမို့ သွေးဥနီတွေဖြစ်တာနဲ့ နေရာ တူပြီး ကင်ဆာဆဲလ်တွေက သွေးဥနီတွေရဲ့ နေရာကို ယူလိုက်တဲ့ အတွက် သွေးဥနီဖြစ်မှုနည်းသွားပါတယ်။ ဒါကြောင့် ဒီသွေးကင်ဆာမျိုးမှာ သွေးအားနည်းခြင်း ကိုဖြစ်စေပါတယ်။

ရိုးတွင်းခြင်ဆီမှာသွေးနီဥတွေ အပြင် သွေးတိတ်အောင်လုပ်တဲ့ သွေးဥမွှားတွေလဲ ထုတ်လုပ် တာမို့ သွေးဥမွှားထုတ်လုပ်မှုကိုလည်းထိခိုက်စေတဲ့အတွက် သွေးမတိတ်ခြင်းကိုပါ ဖြစ်စေ ပါတယ်။

ကိုယ်ထဲမှာ လှည့်ပတ်နေတဲ့ သွေးထဲက သွေးဥဖြူတွေ ကကိုယ်ထဲကိုဝင်လာတဲ့ ပိုးတွေ အထူး သဖြင့် ပြည်တည်စေသည့်ပိုး များကိုသုတ်သင်ရှင်းလင်းတာမို့ ဒီကင်ဆာမှာ ပိုးရောဂါများ အဖြစ်များပြီး ကူးဆက်တတ်သည့် ပိုးရောဂါများဖြစ်တဲ့ နမိုးနီယာရောဂါ၊သွေးပြည်တည်ရောဂါ၊ ဥဏှောက်ပြည်တည် ရောဂါ စသည်များကြောင့် အသက်သေဆုံး ကြပါတယ်။

(lymphocytic) နဲ့ (myeloid) ကင်ဆာများကို (acute leukemia) နဲ့ နာတာရှည် (chronic leukemia) အပြင် (Pathological) နည်းဖြင့် အဓိကပါဝင်တဲ့ ကင်ဆာဆဲလ် ပေါ် မူတည်ပြီး အမျိုးများစွာ ထပ်ခွဲထားပါတယ်။

အခြားသောကင်ဆာများကဲ့သို့ သွေးကင်ဆာ ဘာကြောင့်ဖြစ်တယ်ဆိုတာတိတိကျကျ မသိပဲ အကြောင်းပေါင်းများစွာကြောင့် သွေးကင်ဆာဖြစ်တာကို တွေ့ရပါတယ်။ သွေးကင်ဆာ အမျိုးများစွာ ထဲက (acute myloeid leukemia) က Down syndrome ခေါ်တဲ့ ဗီဇမျိုးရိုး မမှန် တဲ့ရောဂါသည် ခလေးတွေမှာ အဖြစ်များတာတွေ့ရပါတယ်။ ဒီခလေးတွေက ဖခင် အထူးသဖြင့် မိခင်အသက်ကြီးမှရသောခလေးများမှာ ဖြစ်တတ်ပါတယ်။ ဒီခလေးတွေက ပြုံးရွှင်တဲ့ မျက်နှာရှိပြီး အသက်ကြီးလာပေမဲ့ ဉာဏ်ရည် လိုက်မကြီးပဲ ခလေးစိတ်ပဲ ရှိနေတတ် ပါတယ်။ ခလေးအားလုံးရဲ့မျက်နှာကလည်း မောင်နှမတွေလို ဆင်တူကြပြီး မျက်နှာ ၀ိုင်းဝိုင်း၊ နှာခေါင်း ပြားပြားနဲ့ မျက်စေ့ မှေးမှေးတွေဖြစ်ပါတယ်။ မွန်ဂိုလူမျိုးတွေနဲ့ တူလို့ (mongoloid) ရောဂါ လို့လဲ ခေါ်ပါတယ်။ တောင်ကြီးမြို့က သူနာပြုဆရာမအုပ်တစ်ယောက်ရဲ့မောင် အသက် ၄၀ နှစ်ဟာ ဒီရောဂါသည် ဖြစ်ပြီး သူ့မိခင်သေဆုံးတဲ့နေ့မှာ မိတ်ဆွေများအိမ်မှာ များစွာရှိနေ တာကို ခလေးတစ်ယောက်လို ၀မ်းသာပျော်ရွှင်နေတာတွေ့ခဲ့ရပါတယ်။

ဒီကင်ဆာမျိုး (acute myloeid leukemia) ဖြစ်စေတဲ့ နောက် မျိုးရိုးဗီဇ မူမမှန်တဲ့ ရောဂါ ကတော့ Ashkenazi ဂျူးများနဲ့ South Africa က Afrikaners တွေမှာတွေ့ရတဲ့ Fanconi ခေါ်တဲ့ မျိုးရိုးလိုက် သွေးအားနည်းရောဂါရှင် တွေပါပဲ။ ဒီရောဂါသည်တွေဟာအရပ်ပုပြီး မွေးရာပါ အရေပြား၊ ခေါင်း၊ မျက်လုံး၊ နားရွက်၊ ကျောက်ကပ် ပုံမမှန်ကြပဲ (congenital abnormalities) များသောအားဖြင့်အသက် ၃၀ လောက်မှာ သေဆုံးကြ ပါတယ်။

ကျန်သွေးကင်ဆာတွေကတော့ ဓါတ်ရောင်ခြည်များ၊ ကင်ဆာဖြစ်စေသော ဓါတု ပစ္စည်းများ၊ ကင်ဆာဖြစ်စေသည့် ဗိုက်ရပ်ပိုးများကြောင့်ဖြစ်တာ တွေ့ရှိရပါတယ်။

အစားအသောက်အနေနဲ့ ထူးထူးခြားခြား သွေးကင်ဆာဖြစ်မှုနဲ့ ပတ်သက်တာ မတွေ့ ရပဲ ဟင်းသီး ဟင်းရွက်စား သူများမှာ သွေးကင်ဆာဖြစ်ပွါးမှုနည်းတာ တွေ့ရပါတယ်။ ဆံပင် ဆိုးဆေးများ၊ ရေနံထွက် ပစ္စည်းများကြောင့် သွေးကင်ဆာ ပိုဖြစ်တာကိုလည်း တွေ့ရပါတယ်။ အချို့သူများမှာ အမေမှသားသမီးသို့ ကူးခြင်း၊ အမွှာများတွင် ဖြစ်ပွါးသည်ကို တွေ့ရပါတယ်။

ကုသခြင်းအနေနဲ့ ကင်ဆာဆေးများ၊ ရိုးတွင်းခြင်ဆီအစားထိုးခြင်းနဲ့ ဓါတ်ကင်ခြင်းတို့ ဖြစ်ပါတယ်။ သွေးကင်ဆာက အသံတိတ်ရောဂါ ( silent disease) ဖြစ်ပါတယ်။ ရောဂါဖြစ်စမှာ နာခြင်း၊ အနာဖြစ်ခြင်း စသည့် ရောဂါ လက္ခဏများ မရှိပါဘူး။ အခြေအနေဆိုးမှ ဥပမာ သွေးဥနီတွေအထွက်နည်းသွားပြီး သွေးအားနည်းလက္ခဏာတွေ၊ သွေးဥမွှားတွေနည်းသွားလို့ သွေးခြေဥခြင်း၊ ကိုယ်တွင် အနီရောင် အစက် အပြောက်များပေါ်ခြင်း၊ သွေးမတိတ်ခြင်း၊ စသည့်များ၊ သွေးဥဖြူများနည်းလို့ မကြာခဏဖျားခြင်းများ ကြောင့် သွေးစစ်ကြည့်မှ သွေး ကင်ဆာဖြစ်နေမှန်း သိရတာများပါတယ်။ ဒါကြောင့် မကြာခဏဖျားနာရင်၊ အကြောင်း မရှိပဲ အားနည်းခြင်း၊ မောခြင်း၊ ကိုယ်တွင်အနီစက်များဖြစ်ပေါ်လာပါက ဆရာဝန်ပြပြီ သွေးစစ်
သင့်ပါတယ်။

ကျမကိုယ်တိုင်တွေ့ခဲ့ရတဲ့ သွေးကင်တာရှင် သုံးဦးအကြောင်းကိုဖေါ်ပြချင်ပါတယ်။ သူတို့သုံးဦးဟာ သွေးကင်ဆာဖြစ်တာခြင်းတူပေမဲ့ တင်ပြပုံ (Presentation) မတူပါဘူး။ တစ်ဦးက ကျမသူငယ်ချင်း ဆရာ ၀န်မရဲ့ ဦးလေးအရင်းပါ။ သူ့သမီးလက်ထပ်မဲ့နေ့မှာ အိမ်ကို ပြင်ဆင်ရင်း လက်ကို တူထုမိပြီး သွေးမတိပ် နိုင်လို့ သွေးစစ် လိုက်တော့မှ သွေးကင်ဆာ ဖြစ်မှန်း သိပါတော့တယ်။ ဒါပေမဲ့သိပ် နောက်ကျသွားပါပြီ။ နောက် လအနည်းငယ်မှာပဲ သေဆုံးသွား ပါတယ်။ ဒီလူနာမှာ သွေးကင်ဆာတဲလ်တွေက သွေးဥမွှားဖြစ်မဲ့ သွေးဆဲလ်တွေကို ပိုမိုထိခိုက် စေတာမို့ သွေးမတိတ်တဲ့ လက္ခဏ ကိုအရင်ပြတာပါ။

နောက်တစ်ယောက်ကတော့ ကျမသူငယ်ချင်း ခွဲစိတ်ဆရာဝန် တစ်ဦးပါ။ နေမကောင်းတာ တစ်ပတ်ကျော် ကြာနေလို့ သွေးစစ်ဖို့ ရောက်လာပါတယ်။ ဆရာလည်းနောက် ၆လ မှာ သူချစ်တဲ့မိသားစုကိုခွဲ သွားရပါ တော့တယ်။

နောက်တစ်ဦးကတော့ ဗိုလ်ထဲမှာ အလုံး စမ်းမိလို့ ရောက်လာတဲ့ လူနာပါ။ ကင်ဆာတဲလ်တွေ သရက်ရွက်ထဲမှာ တဖြေးဖြေးများလာလို့ သရက်ရွက်ကြီးလာတာကြောင့် ကိုယ့်ဘာသာ စမ်းမိ တာပါ။

ယခုခေတ်မှာ အစွမ်းထက်တဲ့ သွေးကင်ဆာကုဆေးတွေ ပေါ်ပေါက်လာလို့ အချို့သော သွေးကင်ဆာ များကို ရောဂါမကျွမ်းခင် စောစောကသိပြီးဆေးကုသခံရမယ်ဆိုရင် သက်တမ်း စေ့နီးပါး အသက်ရှင်နိုင် ပါတယ်။ ဒါကြောင့် ကျန်းမာရေးစစ်ဆေးမှုများ (ဆီး၊၀မ်း၊သွေး အပါ အ၀င်) ကို အနည်းဆုံး တစ်နှစ် တစ်ကြိမ်ခန့် စစ်ဆေးသင့်ပါကြောင်း သတိပေး နှိုးစော်လိုက် ပါတယ်။

သွေးကင်ဆာ ၂

သွေးကင်ဆာ အကြောင်း သိကောင်းစရာ

Labels: health

Leukemia ဆိုတဲ့ သွေးကင်ဆာအကြောင်း ကို ကျယ်ပြန့် သောကြောင့် သိသင့် သိထိုက် တာလေးတွေ ထုတ်နှုတ်ပြီး တင်ပြ လိုပါသည် ။

သွေးကင်ဆာ အကြောင်း မပြောခင် ပုံမှန် သွေးဆဲလ်တွေ အကြောင်း ပြောပြ လိုပါတယ်။ bone marrow လို့ ခေါ်တဲ့ ရိုးတွင်း ချဉ်ဆီ ကနေ ပြီးတော့ သွေးနီဥ၊ သွေးဖြူဥ၊ နဲ့ platelet ဆိုတဲ့ သွေးမွှားဆဲလ် (၃) မျိုးကို ထုတ်လုပ် ပေးပါတယ်။ သူတို့ (၃) မျိုး မှာ ကိုယ်စီ တာဝန်တွေ ရှိပါတယ်။ သွေးနီဥတွေက အောက်ဆီဂျင်ကို သယ်ဆောင် ပေးပြီး သွေးနီဥ နည်းရင်တော့ သွေးအားနည်း ရောဂါ (anemia) ဖြစ်တတ် ပါတယ်။ သွေးဖြူဥရဲ့ တာဝန် ကတော့ ခန္ဓာကိုယ် အတွင်း ၀င်ရောက် လာတဲ့ ရောဂါ ပိုးမွှား တွေကို တိုက်ခိုက် ပေးပါတယ်။ သွေးဖြူဥတွေ ပုံမှန် မဟုတ်ရင်တော့ ရောဂါ ပိုးမွှားတွေကို တိုက်ဖျက် နိုင်စွမ်း၊ ကာကွယ်နိုင်စွမ်း ကျဆင်းပြီး ရောဂါ ဝေဒနာ ထူပြော တတ်ပါတယ်။ platelet (သွေးမွှား) ကတော့ သွေးခဲရာမှာ တာဝန်ယူပြီး သွေးအလွန်အကျွံ မထွက်အောင် ကာကွယ် ပေးပါတယ်။

leukemia ရောဂါမှာတော့ရိုးတွင်းချဉ်ဆီ ကနေ ပုံမှန် မဟုတ်တဲ့ သွေးဖြူဥ တွေ ထုတ်ပေး ပါတယ်။ အစ ပထမတော့ အဲဒီ သွေးဖြူဥ တွေဟာ ပုံမှန် သွေးဖြူဥ တွေနဲ့ မခြား အလုပ် ကောင်းကောင်း လုပ်ကြ ပါသေး တယ်။ အချိန်ကြာလာ တာနဲ့ အမျှ ဖောက်ပြန် လာသလို သွေးနီဥနဲ့ platelet တို့ရဲ့ မူလ တာဝန် တွေကိုပါ ထိခိုက် လာတဲ့ အတွက် ရောဂါ လက္ခဏာတွေ ပြလာ ပါတော့ တယ်။

leukemia ဘယ်နှစ်မျိုးရှိပါသလဲ ?
အဓိက အားဖြင့် ရောဂါလက္ခဏာ မြန်မြန် ပြသလား။နှေးနှေး ပြသလား ဆိုတာကို အခြေခံပြီး -

(၁) chronic leukemia
(၂) acute leukemia

ဆိုပြီး (၂)မျိုး ခွဲခြားနိုင် ပါတယ်။

Chronic leukemia မှာဆိုလျှင် မူမမှန်တဲ့ သွေးဖြူဥ တွေက ပုံမှန် အလုပ်တွေ လုပ်နေကြလို့ အစပိုင်းမှာ ရောဂါ လက္ခဏာတွေ မပြတတ်ပါဘူး။ အချိန် ကြာလာတာနဲ့အမျှ မူမမှန် ဆဲလ် အရေအတွက် များလာပြီ ဆိုမှသာ ရောဂါ လက္ခဏာ ပြတတ် ပါတယ်။

Acute leukemia မှာတော့ မူမမှန် ဆဲလ်တွေဟာ အလျှင်အမြန် တိုးပွား လာရုံမက ပုံမှန် အလုပ် တွေကို လုံးဝ မလုပ်နိုင် တဲ့အတွက် ရောဂါ လက္ခဏာတွေ ချက်ချင်း ပြတတ်ပါတယ်။

သွေးဖြူဥ အမျိုးအစား ပေါ် မူတည်ပြီးလည်း အမျိုးအစား ထပ်ခွဲ နိုင်ပါသေးတယ်။
lymphoid cell မှာ ဖြစ်ရင် lymphocytic leukemia ၊ myeloid cell မှာ ဖြစ်ရင်တော့ myeloid leukemia လို့ ထပ်ခွဲ နိုင်ပါတယ်။

Chronic Lymphocytic leukemia ။ အသက် (၅၅) နှစ် အထက်မှာ ဖြစ်တတ် ပါတယ်။ ကလေးတွေမှာ မဖြစ်သလောက် ပါပဲ။
Chronic Myeloid Leukemia။ အရွယ်ရောက်ပြီး သူတွေမှာ အဓိက ဖြစ်တတ် ပါတယ်။

Acute Lymphocytic Leukemia ကလေးငယ် တွေမှာ အဓိက ဖြစ်ပွား တတ်ပြီး လူရွယ် တွေမှာ လည်း ဖြစ်ပွား တတ်ပါတယ်။
Acute myeloid leukemia ဒီအမျိုးအစား ကတော့ လူကြီး လူငယ် မရွေး ဖြစ်ပွား တတ်ပါတယ်။

ဘယ်လို လူမျိုးတွေမှာ ဖြစ်နိုင်သလဲ ?
ဘာကြောင့် leukemia ဖြစ်ရတယ် ဆိုတာ ဘယ်သူမှ အတိအကျ မသိကြပါဘူး။ သုတေသန စာတမ်းတွေ အရတော့ ဖြစ်နိုင်ခြေ risks များတဲ့ အနေအထား တွေကို သတ်မှတ် နိုင်ခဲ့ ပါတယ်။

ဓါတ်ရောင်ခြည် သင့်မှု ။ ဒုတိယ ကမ္ဘာစစ် အတွင်းက ဂျပန်ကို ကျဲချခဲ့တဲ့ အနုမြူဗုံး ဒဏ်မှ အသင်ရှင် ကျန်ရစ် သူတွေနဲ့ သူတို့ရဲ့ ဆွေစဉ် မျိုးဆက် တွေမှာ leukemia ရောဂါ ဝေဒနာ ပိုမို ဖြစ်ပွားတာ တွေ့ရပါတယ်။ ဆေး ပညာ မှာလည်း ဓါတ်ရောင်ခြည်ကို သုံးပြီး ကုသ ရတာ ရှိပါတယ်။ ဒါဟာလည်း သာမန် လူတွေထက် စာလျှင် သွေးကင်ဆာ ဖြစ်ဖို့ အလား အလာ ပိုများပါတယ်။

ဓာတုဗေဒ ပစ္စည်းများ ။ အလုပ်ခွင်မှာ ဘင်ဇင်း(Benzene) ၊ ဖော်မယ်ဒီဟိုက် (Formaldehyde) စတဲ့ ဓာတုဗေဒ ပစ္စည်း တွေကို ကိုင်တွယ် ထိတွေ့ နေရ သူတွေဟာ သွေးကင်ဆာ ဖြစ်နိုင်ခြေ များပါတယ်။

ဆေးဝါးများ ။ အချို့သော ကင်ဆာ ရောဂါ ကုသ ဆေးဝါးများကို ကြာရှည် သုံးစွဲလျှင် သွေးကင်ဆာ ဖြစ်ဖို့ အလားအလာ များပါတယ်။

Down syndrome ။ မွေးရာပါ ရောဂါ တစ်ခုဖြစ်ပြီး အဆိုပါ ရောဂါ ဝေဒနာရှင် များဟာ သွေးကင်ဆာ ဖြစ်ပွား နိုင်ခြေ ပိုများ ပါတယ်။

Human T-cell leukemia virus-I ။ အဆိုပါ ဗိုင်းရပ်စ် ပိုးကြောင့် human T-cell leukemia ဆိုတဲ့ ရှားပါး သွေးကင်ဆာ တစ်မျိုး ဖြစ်ပွား တတ်ပါတယ်။ Myelodysplastic syndrome acute myeloid leukemia ဖြစ်နိုင်ခြေ ပိုများ ပါတယ်။

မျိုးရိုးဗီဇ ။ အခြား ကင်ဆာ ရောဂါများ ကဲ့သို့ သွေးကင်ဆာ ဟာလည်း မျိုးရိုး လိုက်တတ်ပါတယ်။

ရောဂါ လက္ခဏာများ
မူမမှန် သွေးဆဲလ် အရေအတွက် အနည်း အများ ပေါ် မူတည်ပြီး ရောဂါ လက္ခဏာတွေ ပြပုံလည်း မတူတတ် ပါဘူး။ အဓိက ရောဂါ လက္ခဏာ တွေကတော့ …

(၁) နာတာရှည် အဖျားတက်ခြင်း၊ ညဘက် ချွေးထွက်ခြင်း
(၂) ကူးစက်ရောဂါ မကြာခဏ ၀င်တတ်ခြင်း
(၃) ပင်ပန်း နွမ်းနယ်ခြင်း
(၄) ခေါင်းခဏခဏ ကိုက်ခြင်း
(၅) သွေး မတိတ်ခြင်း
(၆) အရိုးနဲ့ အဆစ်များ နာကျင်ကိုက်ခဲခြင်း
(၇) အကျိတ် များထွက်ခြင်း
(၈) ဘေလုံး ကြီးခြင်း

အထက် ဖော်ပြပါ လက္ခဏာ တွေဟာ အခြားရောဂါ မြောက်မြားစွာ မှာလည်း ဖြစ်တတ် ပါတယ်။ မိမိမှာ အဆိုပါ လက္ခဏာ တွေ ခံစား နေရပြီ ဆိုရင်တော့ ဆရာဝန်နဲ့ တွေ့ပြီး ရောဂါ ပြသ သင့်ပါတယ်။

သွေးကင်ဆာ ၁

Leukemia (လူကီးမီးယား) သွေးကင်ဆာ

ဆရာ ကျွန်တော့် အန်တီမှာ သွေးကင်ဆာ ဖြစ်နေတယ်တဲ့။ 

(လူကီးမီးယား) သွေးကင်ဆာ Leukemias ရက်တိုနဲ့ နာတာရှည် နှစ်မျိုးရှိတယ်။ ရောဂါဖြစ်တဲ့ သွေးဖြူဥ အမျိုးအစားနဲ့လဲ ခွဲခြားတယ်။ Infections ရောဂါပိုးဝင်တာ၊ Anemia သွေးအားနည်းတာနဲ့ Bleeding သွေးယိုတာတွေ ဖြစ်လာစေနိုင်တယ်။ 

ရိုးတွင်းခြင်ဆီမှာ Stem cells ခေါ်တာတွေကနေ သွေးဥအမျိုးမျိုး ဖြစ်လာရတယ်။ သွေးဥဆိုတာ အနီ နဲ့ အဖြူ။ အနီက အသက်ရှူလိုက်တဲ့ လေထဲက အောက်စီဂျင်နဲ့ ပေါင်းပြီး သွေးကို သန့်အောင်လုပ်ပေးတယ်။ သွေးဖြူဥတွေကတော့ ရောဂါကို တိုက်ဖျက်တာ လုပ်ပေးတယ်။ သွေးမှုံ ဆိုတာလေးတွေက သွေးကိုခဲစေပြီး၊ သွေးမယိုရအောင် လုပ်ပေးတယ်။ သွေးဥ မှန်သမျှဟာ တခြားသက်ရှိ (ဆဲလ်) တွေလိုပါဘဲ၊ အသစ်ဖြစ်လာ၊ ရင့်လာ-အိုလာပြီး နောက်ဆုံး ပျက်စီး-သေဆုံး ကုန်ကြတယ်။ ခေမာ-မိဘုရားကြီးကို တရားပြသလိုပါဘဲ။ 

Myeloid stem cell (ဆဲလ်) အမျိုးအစားတွေကနေ Red blood cell သွေးနီဥနဲ့ Platelets သွေးမှုံတွေ ဖြစ်စေတယ်။ White blood cells သွေးဖြူဥတွေလဲ ပါတယ်။ Lymphoid stem cell (လင်ဖွိုက်-စတမ်-ဆဲလ်) အမျိုးအစားတွေကနေ သွေးဖြူဥတွေ ဖြစ်စေတယ်။ B cells or T cells စသဖြင့်။ ဒီနှစ်မျိုးကနေ သွေးဖြူဥတွေ ဖြစ်လာကြပေမဲ့ မတူကြဘူး။ (လူကီးမီးယား) ရောဂါရသူတွေမှာ ဖြစ်လာတဲ့ ပုံမှန်ဟုတ်တဲ့ သွေးဖြူဥတွေကို Leukemia Cells လို့ ခေါ်တယ်။ ပုံမှန် မဟုတ်ပေမဲ့ အချိန်ကျတာတောင် မသေကြဘူး။ တချို့က ဘုန်းလဲကြီး အသက်လဲ ရှည်ကြတယ်။ လူကောင်းတော့ မဟုတ်ဘူး။

အမျိုးအစားတွေ ခွဲထားတယ်။ Acute leukemia ရက်တို။ ဖြစ်တာ မကြာသေးရင် ဖြစ်စမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေက အလုပ် နဲနဲပါးပါးတော့ လုပ်သေးတယ်။ လူကောင်းလိုဘဲ။ လက္ခဏာမပေါ်သေးဘူး။ Chronic leukemia နာတာရှည်။ ကြာမှ မလုပ်တော့တာ။ Lymph nodes တက်စေ့တွေရောင်။ Infections (အင်ဖက်ရှင်) တွေ ဝင်လာမယ်။

ဘာလို့ဖြစ်လဲ မသိပါ။ ဓါတ်ကင်တာ၊ အနုမြူရောင်ခြည်သင့်တာ၊ ဆေးလိပ်သောက်တာ၊ Benzene (ဘင်ဇင်း) ဆေး၊ ကင်ဆာဆေး၊ မွေးရာပါ (ဒေါင်း-ဆင်ဒရုမ်း)၊ မျိုးရိုးထဲမှာလဲ ရှိတာတွေကနေ ဖြစ်စေနိုင်တယ်။ 

အမျိုးအစားကို ဆဲလ်တွေအပေါ်မူတည်ပြီး ၄ မျိုးခွဲတယ်။ တခြား ရှားတဲ့အမျိုးလဲ ရှိသေးတယ်။
1. Chronic lymphocytic leukemia (CLL) အသက်ကြီးသူ (၅၅ နှစ်ကျော်) တွေဖြစ်တယ်။ ကလေးတွေမဖြစ်ဘူး။
2. Chronic myeloid leukemia (CML) အရွယ်ရောက်သူတွေမှာဖြစ်တယ်။
3. Acute lymphocytic (lymphoblastic) leukemia (ALL) ကလေးတွေမှာပိုဖြစ်တယ်။
4. Acute myeloid leukemia (AML) ကလေး-လူကြီးဖြစ်တယ်။

Acute leukemia ရှိသူဟာ နေမကောင်းသလို ဖြစ်လာမယ်။ ဦးနှောက် ထိခိုက်ရင် ခေါင်းကိုက်၊ အန်၊ ကြွက်သားတွေ အားယုတ်၊ စိတ်မရှင်း၊ တက်တာတွေ ဖြစ်နိုင်တယ်။ အစာလမ်းကြောင်း၊ ကျောက်ကပ်၊ အဆုပ်၊ နှလုံး၊ ယောက်ျားအစေ့ တွေကို ထိခိုက်တတ်တယ်။ တက်စေ့တွေ ရောင်နေမယ်။ ဖျားပြီး ညချွေးထွက်တယ်။ ရောဂါပိုး ဝင်လွယ်တယ်။ မောပန်း အားယုတ်နေမယ်။ သွားဖုံး၊ အရေပြားက သွေးယိုမယ်။ အသဲ၊ ဘေလုံးကြီးနိုင်တယ်။ လူကပိန်လာမယ်။ အရိုး-အဆစ်တွေ နာမယ်။

သွေးစစ်ရင် Leukemia ဖြစ်နေသူမှာ WBC သွေးဖြူဥတွေ သိပ်များနေမယ်။ သွေးမှုံနည်းမယ်။ Hb သံဓါတ် နည်းမယ်။ ရိုးတွင်းခြင်ဆီကို Bone marrow aspiration ဒါမှမဟုတ် Bone marrow biopsy လုပ်ရင် ကင်ဆာ-ဆဲလ်တွေ တွေ့မယ်။ Cytogenetics တို့ Spinal tap တို့လဲ လုပ်တယ်။ Chest x-ray ရင်ပတ် ဓါတ်မှန်ရိုက်ရင် တက်စေ့တွေ ကြီးနေတာ တွေ့မယ်။ 

Acute leukemia ဖြစ်ရင် ချက်ချင်း ဆေးကုရမယ်။ အများအားဖြင့် ပျောက်နိုင်ပါတယ်။ ဆေးစစ်လို့သာ နာတာရှည်ဖြစ်ပြီး ရောဂါလက္ခဏာ မရှိသူတွေကို ချက်ချင်း ဆေးမလိုသေးပါ။ ပျောက်ဘို့ ခက်တယ်။ တချို့ကို Stem cell transplants ဆိုတာ လုပ်တယ်။ Oematologists, Medical oncologists, Radiation oncologists အထူးကု အမျိုးမျိုးနဲ့ ကုရတယ်။ 

Chronic lymphocytic leukemia ဖြစ်နေသူတွေကို ဆေးတွေရဲ့ဘေးထွက် ဆိုးကျိုးတွေကြောင့် ရောဂါလက္ခဏာ မပေါ်သေးရင် Chemotherapy မပေးသေးဘဲ နေနိုင်သေးတယ်။ လူနာသဘော၊ ဆရာဝန်သဘော။ သောက်ဆေး။ အကြောဆေး၊ တခြားနည်းလမ်းတွေနဲ့ ဆေးပေးတယ်။ 

Chronic Myeloid Leukemia ဖြစ်နေသူတွေကို Targeted therapy နည်းသုံးနိုင်တယ်။ Imatinib (Gleevec) tablets စားဆေးပေးမယ်။ Side effects တွေကတော့ ရောင်မယ်၊ ဗိုက်ကယ်မယ်၊ လူဝလာမယ်၊ ပျို့-အန်မယ်၊ ဝမ်းပျက်မယ်၊ ကြွက်သားတွေ နာမယ်၊ အနီပြင် ထွက်တာတွေလဲ ရှိတတ်တယ်။

• Biological Therapy ကုနည်းလဲ ရှိသေးတယ်။ 
• Radiation Therapy ဓါတ်ကင်နည်းလဲ သုံးတယ်။ 
• Stem Cell Transplant ရိုးတွင်းခြင်ဆီ လဲပေးတယ်။
• Supportive Care ရောဂါပိုးမဝင်အောင်၊ ရောဂါလက္ခဏာတွေ သက်သာအောင်၊ ဆေးရဲ့ ဘေးထွက် ဆိုးကျိုးတွေ သက်သာအောင်၊ အစာအာဟာရ ပြည့်ဝအောင်၊ စိတ်ဓါတ် မကျအောင် လုပ်ပေးရမယ်။ 

အလားအလာတွေ
• Chronic Myeloid Leukemia ရောဂါရဲ့ Prognosis အလားအလာ။ အဖြစ်နှေးပါတယ်။ အရွယ်ရောက်တွေမှာ အဖြစ်များတယ်။ Chemotherapy နဲ့ Bone marrow transplant ကုသနည်းတွေကို လုပ်ပေးတော့ စောစော သိသူ-ကုသူ ၉၈ လ အသက်ရှည်မယ်။ နောက်ကျရင် ၆၅ လ၊ ဒိထက် နောက်ကျရင် ၄၂ လ။ ၁၁၇ လ အထိ ရှင်သူ စံချိန်တင်ထားတယ်။ 
• Acute Myeloid Leukemia ရောဂါရဲ့ Prognosis အလားအလာ။ ပိုဆိုးတယ်။ မြန်တယ်။ လူကြီးအရွယ်မှာ အများဆုံး ဖြစ်ကြရတယ်။ Chemotherapy နည်းနဲ့ ကုသတယ်။ ၂ဝ-၄ဝ% တွေက ၆ဝ လ ရှင်တယ်။ အသက် ပိုကြီးရင် အသက်ပိုတိုမယ်။
• Chronic Lymphocytic Leukemia ရောဂါရဲ့ Prognosis အလားအလာ။ ကလေးတွေမှာ မဖြစ်ပါ။ အသက်ကြီး ၆ဝ အထက်တွေမှာ ဖြစ်တယ်။ ယောက်ျားတွေ ပိုဖြစ်တယ်။ ဖြစ်တာ နှေးပါတယ်။ B-cells တွေဖြစ်သူ စောစော ကုရင် နောက်ထပ် ၁ဝ-၂ဝ နှစ်အထိ ရှင်မယ်။ T cell ဖြစ်ရင် ပိုဆိုးတယ်။
• Acute Lymphocytic Leukemia ရောဂါရဲ့ Prognosis အလားအလာ။ ကလေးတွေအဖြစ်များဆုံး။ ကလေး-ကင်ဆာတွေရဲ့ ၄ ပုံ ၁ ပုံရှိတယ်။ အသက် ၄၅ ကော်ျသူတွေလဲဖြစ်တယ်။ Chemotherapy နည်းနဲ့ကုတယ်။ အရင်က အများဆုံး ၄ လသာ ရှင်တယ်။ အခု ခေတ်မီနည်းတွေကြောင့် ၈ဝ% ပျောက်နိုင်နေပြီ။ ၄ဝ%က လုံးဝ ပျောက်နိုင်တယ်။ ၃-၇ နှစ်ကြား ကလေးတွေ ပျောက်နိုင်တဲ့ အခွင့်အလမ်း ပိုများတယ်။